“了” ဝါကျဖွဲ့နည်း (၂)
了 သည် sentence ရဲ့ အဆုံးမှာပဲအသုံးပြုလို့ရတာမဟုတ်ဘဲ verb ရဲ့ အနောက်မှာလည်း သုံးလို့ရပါတယ်။ Sub + Verb + 了 + Obj *ဒီ patttern မှာ obj ကို noun သီးသန့်သုံး၍မရပါ။ noun ရှေ့မှာ အညွှန်းစကားလုံး ပါရပါမည်။ မပါလျှင် နောက်တွင် စကားစု တစ်ခုထပ်ပြောမှ ပြည့်စုံတဲ့ ဝါကျတစ်ကြောင်းဖြစ်လာပါမည်။ ဥပမာ- 1) Wǒ chīle fàn, yě hēle shuǐ. 我吃了饭,也喝了水。 ကျွန်တော်ထမင်းစားခဲ့ပြီး ရေလည်းသောက်ခဲ့တယ်။ အပေါ်ကစာကြောင်းလို စကားစုနှစ်ခုမသုံးချင်ရင် obj ရှေ့မှာ အညွှန်းစလုံး တစ်ခုခုပါပေးရမယ်။ ဥပမာ- 1) Wǒ chīle yī wǎn fàn. 我吃了一碗 饭。…