Home
Program
POST
Sources
About HSK Exam
HSK Vocabularies
HSK Test
Our Students
Home
Program
POST
Sources
About HSK Exam
HSK Vocabularies
HSK Test
Our Students
REGISTER
LOG IN
REGISTER
LOG IN
ပင်မစာမျက်နှာ
တန်းခွဲများ
လေ့လာတရုတ်စာ
HSK အကြောင်း
HSK Vocabularies
HSK အစမ်းစာမေးပွဲ
ကျောင်းသားများ
POST
Register
Log In
学中文,不仅打开语言的大门,
更打开认识世界的新方式。
ပြည်ပက နိုင်ငံတကာတက္ကသိုလ်မှာ ပညာတော်သင်ဖို့၊
ပြည်တွင်းက လုပ်ငန်းခွင်မှာ လစာတိုး၊ရာထူးတိုးဖို့
တရုတ်စကားပြောကို စနစ်တကျနဲ့ အချိန်တိုတွင်းတိုးတက်လာဖို့
HSK
တရုတ်စာအရည်အချင်းစစ်စာမေးပွ
အတွက် အကောင်းဆုံးရမှတ်ရယူနိုင်စေဖို့
Free trial
Call us
OUR PROGRAMS
နှစ်သက်ရာသင်ကြားမှုပုံစံကိုရွေးချယ်နိုင်ပြီ
STUDENTS REVIEWS
COC ကိုဘာကြောင့်ရွေးချယ်ခဲ့ကြတာလဲ
Chinese O'Clockမှာ ဖတ်စာအုပ်ထဲက စာကြီးဘဲသင်တဲ့ပုံစံမဟုတ်ဘဲ တခြားဗဟုသုတတွေရယ် စကားလုံးအသုံးအနှုန်းတွေကို ဘယ်လိုသုံးရမယ်ဆိုတာကအစ စာသင်ပေးတဲ့ပုံစံကို အရမ်းသဘောကျပါတယ်။ 老师 ကတယောက်ချင်းစီရဲ့အသံထွက်တွေကိုလည်း သေချာနားထောင်ပေးပြီး အသံထွက်မှားရင်လည်း သေချာရှင်းပြပေးပါတယ်။ unit တခုပြီးတိုင်း အိမ်စာတွေလည်း ရှယ်ရေးရပါတယ်။ အိမ်စာတွေကို စစ်ပေးတဲ့ assistant teacher က မှားရင်မှားတာတွေကိုလည်း သေချာရှင်းပြပေးပါတယ်။ ကိုယ်ရွေးချယ်ခဲ့တဲ့သင်တန်းက ကိုယ်ထင်ထားတာထက် အရမ်းကိုစာအသင်အပြင်ကောင်းလို့ သဘောကျမိလို့ နောက် level ကိုလည်း COC မှာဘဲ ထပ်တက်မှာမို့လို့ Highly Recommend ပါ။
ခုမှစသင်မဲ့သူတွေ ဘယ်မှာတက်ရမလဲမသိရင် ဒီမှာအဆင်ပြေပါတယ်။ အခြေခံကိုလူနည်းနည်းနဲ့ တစ်ယောက်ချင်းစီသေချာသင်ပေးတယ်။ စာသင်တာလည်း အရမ်းမနှေး အရမ်းလည်းမမြန်ဆိုတော့ သဘောကျတယ်။ တခြား level တွေလည်း လူဦးရေ နည်းနည်းပဲကန့်သတ်ပြီးသေချာလေး care လုပ်ပေးတယ်။ recommend ပေးပါတယ်။
စာသင်တာ အရမ်းကောင်းပါတယ် တစ်ယောက်ချင်းလဲ စာတွေဖတ်ပြခိုင်းပြီး မှားတဲ့စာလုံးတွေရှိရင် သေချာလေးထောက်ပြပါတယ်။ 老师 စာသင်တာ အရမ်းမှတ်မိလွယ်ပါတယ်။ စာသင်ချိန်ပြီးလို့ ကိုယ့်ဘာသာလေ့လာတဲ့ချိန်ရောက်ရင်တောင် သိပ်ကြည့်စရာမလိုပဲ ခေါင်းထဲမှာစွဲကျန်ခဲ့ပါတယ်။ တရုတ်စာသင်မဲ့သူငယ်ချင်းတွေကို Chinese O'Clock ကိုပဲ ညွှန်းဖြစ်ပါတယ်။ ကိုယ်တိုင်လဲ Chinese O'Clock မှာပဲဆက်တက်နေပါတယ်။
COC မှာ HSK 1,2 တက်ပီး ဆက်တက်ဖို့ပြင်နေတာပါ။ Laoshi တွေက အသင်အပြတော်တော်ကောင်းပါတယ်ရှင့်။ ကိုယ်နဲ့လည်းတော်တော်အဆင်ပြေလို့ ဒီမှာပဲတောက်လျောက် တက်နေတာပါ။ Chinese class တက်ဖို့ရှာနေရင် Chinese O'Clockကို highly recommend ပေးပါတယ်ရှင့်။
Chinese o'Clock မှာ သင်တန်းတက်ရတာ အရမ်းအဆင်ပြေပါတယ်။ 老师 တွေကလဲ အသင်အပြကောင်းတယ် နားမလည်တာရှိရင် စိတ်ရှည်လက်ရှည်ရှင်းပြပေးတယ်။ အိမ်စာလဲပုံမှန်ထပ်ရတဲ့အတွက် စာကိုပုံမှန်လုပ်ဖြစ်တယ်။ online class ဆိုပေမဲ့ အပြင်မှာသင်ရသလိုပါပဲ တစ်ယောက်ချင်းလဲ စာဖတ်ခိုင်းတဲ့အတွက် အတန်းချိန်အတွင်းမှာလဲ စာသင်တာကို သေချာလိုက်နားထောင်ဖြစ်ပါတယ်။ Basic နဲ့ HSK 1 တက်ပြီးလို့ တရုတ်စာတော်တော်များများ ရေးတတ်ဖတ်တတ်နေပါပြီ။ အခု HSK 2 ဆက်တက်ဖို့ လုပ်နေပါတယ်။ သင်တန်းက 老师 အားလုံးကိုလဲ ကျေးဇူးတင်ပါတယ် 谢谢
Highly Recommend ပါ online class တက်ပေမဲ့ အသံထွက်တွေကို တစ်ယောက်ချင်းဆိုခိုင်းပြီး သေချာစစ်ပေးပါတယ်။ unit တစ်ခုပြီးတိုင်း အိမ်စာကလည်း ပုံမှန်လုပ်ရပြီး အိမ်စာထပ်တဲ့အခါမှာလည်း သေချာစစ်ပေးပြီး feedback ပြန်ပေးပါတယ်။ အိမ်စာက deadline အမှီတော့ထပ်ရပါတယ်။ မဟုတ်ရင်တော့ application က auto နာမည်တပ်ပြီး မထပ်မချင်းသတိပေးနေမှာပါ။ basic ပဲ ပြီးသေးရင်တောင် ထမင်းစားရေသောက်တော့ ကောင်းကောင်း ပြောတတ်ပါတယ်။ သင်ပေးတဲ့ Laoshi ကလည်း တကယ်ကိုတော်ပါတယ်။ သေချာဂရုတစိုက် သင်ကြားပေးတာမို့ တရုတ်စာ အခုမှစသင်မဲ့သူတွေအတွက် ဒီသင်တန်းက တကယ်ကိုအဆင်ပြေနိုင်ပါတယ်။ online က တက်မယ်ဆိုရင်လည်း သေချာမရမှာ စိတ်ပူစရာမလိုပါဘူးနော်။ သေချာသင်ကြားပေးတဲ့ Laoshi ကိုလည်း တကယ်ကို ကျေးဇူးတင်ပါတယ်။
Highly recommend ပါ Chinese O'Clock basic ကို စသင်ခဲ့တာပါရှင့်။ Laoshi ကလည်း စာအသင်အပြကောင်းတာမို့ စာသင်ရတာ အရမ်းအဆင်ပြေပါတယ်။ အသံထွက်ကအစ သေချာထွက်ပြပြီး မရှင်းတာရှိရင်လည်း Laoshi က ချက်ချင်းပြန်ရှင်းပြပါတယ်။ တခါတလေဆို စာသင်ရင်း ဗဟုသုတရစရာလေးတွေပါ ထည့်ပြောတာမို့ သင်ရတာ တကယ်ကို comfortable ဖြစ်ပါတယ်ရှင့်။
Highly recommend ever 老师 က အရမ်းစိတ်ရှည်ပြီး စာတွေကို သေချာနားလည်သွားအောင်ရှင်းပြနိုင်တယ်။ အသေးစိတ်ကအစ ကျောင်းသားအခြေအနေကို ဂရုစိုက်ပေးတယ်။ အတန်းထဲ assistant teacher ထားပေးထားတာမို့ မသိတာကို အချိန်မရွေးမေးလို့အဆင်ပြေတယ်။
ညီမက Chinese O'Clock မှာ Li Wei Laoshi နဲ့ basic in center တက်တဲ့ ကျောင်းသူတစ်ယောက်ဖြစ်ပါတယ်။ ညီမအကြိုက်ဆုံးကတော့ လူနည်းတာပဲဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ အဲ့ဒါတကယ်ကို တစ်ယောက်ချင်းစီအတွက် သင်ကြားရေးမှာထိရောက်မှုရှိလို့ပါ။ အသံထွက်ကိုလည်းသေချာလေ့ကျင့်ပေးပါတယ်။ နားမလည်တာရှိရင်လည်း ရှင်းပြပေးပါတယ်ဗျ။ အခုတော့ elementary ကိုဆက်ပြီး join ဖြစ်ပါတယ်။ ဒါကြောင့် Chinese O'Clock မှာ သင်တန်းတက်ဖို့ recommend ပေးပါတယ်ဗျ။
Nî hǎo ညီမကတော့ Chinese O'Clock မှာ တရုတ်စာသင်နေတဲ့သူပဲဖြစ်ပါတယ်။ သင်တန်းအရွေးမှားမှာ ကြောက်ခဲ့ပေမယ့်လဲအရွေးမှန်ကန်ခဲ့ပါတယ်။ စာသင်ရာမှာလဲမငြီးငွေ့ရအောင်အပြုံးချိုချိုလေးများဖြင့် ဟာသလေးနှောပီးသင်ကြားပေးမှုကြောင့် စာသင်ရာတွင်ပျော်ရွှင်ခဲ့ရပါသည်။ အသံထွက်မှန်ကန်အောင်လဲသင်တန်း သူသင်တန်းသားတယောက်ချင်းစီတိုင်းကိုစိတ်ရှည်စွာသင်ကြားပေးသောဆရာဆရာမများရှိသောကျောင်းဖြစ်သောကြောင့် တရုတ်စာသင်ကြားလိုသည့် ကျောင်းသားကျောင်းသူများအနေဖြင့် Chinese O'Clock သင်တန်းမှာ ရဲရဲဝံ့ဝံ့ ယုံယုံကြည်ကြည်နဲ့ လာရောက်သင်ကြားဖို့အကြံပြုလိုပါတယ်ရှင့်။
အခုလက်ရှိ in center class မှာတက်ရောက်နေတဲ့ကျောင်းသူတစ်ယောက်ပါရှင့်။ သင်တန်းကဆရာ/ဆရာမတွေက စိတ်အရမ်းရှည်ပြီး တစ်ယောက်ချင်းစီကို သေချာနားလည်အောင်ရှင်းပြပေးပါတယ်ရှင့်။ ကိုယ့်လိုစာလုပ်ရမှာပျင်းတဲ့သူအတွက်တော့တောင် အတော်အဆင်ပြေပါတယ်ရှင်။ တစ်တန်းမှာ အများဆုံးမှ ၁၀ ယောက်ပဲလက်ခံတာမို့ သေချာလိုက်လုပ်ဖြစ်ပါတယ်။ တရုတ်စာလေ့လာချင်တဲ့သူတွေအတွက် Chinese O'Clock ကို highly recommend ပေးပါတယ်ရှင့်။
ညီမက Batch9 Basic Li Wei Laoshi အတန်းမှာတက်ခဲ့ပါတယ်။ အသင်အပြ အရမ်းစိတ်ရှည်ပြီးတစ်ယောက်ချင်းစီကိုအသံထွက်မှန်တဲ့အထိလေ့ကျင့်ပေးပါတယ်။ အိမ်စာလည်းပုံမှန်စစ်ပေးပါတယ်။ ညီမလိုသေချာကြပ်မတ်မဲ့ဆရာမ ရှိရင် စာသေချာမလုပ်တဲ့သူအတွက်တော့အရမ်းကိုအဆင်ပြေပြီး စာလည်းလိုက်လုပ်ဖြစ်ပါတယ်။ သင်တန်းသားတွေလည်းတစ်တန်းမှာ 10 ယောက်အများဆုံးပဲမလို့အဆင်ပြေပါတယ်။ သင်တန်းနောက်ဆုံးနေ့မှာ presentation လုပ်ခဲ့ရတာကိုလည်းကြိုက်ပါတယ်။ နောက်ဆုံးအနေနဲ့ကတော့ Chinese O'Clock ကသူတွေအကုန်ချောပါတယ် ”
English ဘာသာစကားဟာအရေးပါသလို တရုတ်ဘာသာစကားဟာလဲ တကယ်ကို အရေးပါတဲ့ ဘာသာစကားတခု ဖြစ်ပါတယ်နော်.. မဖြစ်မနေ တတ်ထားရမဲ့ ဘာသာစကားတစ်ခုလဲ ဖြစ်ပါတယ်။ ကျွန်တော်ကတော့ အခု စာတွေကို စနစ်တကျနဲ့ သေချာသင်ကြားပေးပီး online class ကော physical class ပါသင်ကြားလို့ရနိုင်မဲ့ Chinese O'Clock မှာသင်တန်း တက်ရောက်နေတဲ့ သင်တန်းသားတယောက်ဖြစ်ပါတယ်။ တရုတ်ဘာသာစကားကို ကျွမ်းကျင်စွာပြောတတ် ရေးတတ်ဖတ်တတ်ချင်တယ်ဆို ရင်တော့ Chinese O'Clock ကို ရွေးချယ်လိုက်ပါလို့ပြောချင်ပါတယ်ဗျ..
Scroll to top
Scroll to top